ပြိုင်ကားငယ်ကို ပြုပြင်ခြင်း
ကျွန်တော်ကလေးဘဝက နေခဲ့သောအိမ်ရှိ ကားဂိုဒေါင်နှင့်ပတ်သက်ပြီး အမှတ်တရများစွာရှိခဲ့သည်။ စနေနေ့မနက်ခင်းများ၌ အဖေက ကားကို ဂိုဒေါင်အပြင်ဘက်ထုတ်ကာ ကျွန်တော်အနှစ်သက်ဆုံးအလုပ်ဖြစ်သည့် ပြိုင်ကားငယ်အပျက်တစ်စီးကို ပြုပြင်ရန်အတွက် နေရာပေးခဲ့သည်။ ကားဂိုဒေါင်ကြမ်းပြင်ပေါ်၌ ထိုကားလေးကို ဘီးအသစ်နှင့် ပြိုင်ကားဆန်ဆန် ပလပ်စတစ် လေကာတစ်ခု တပ်ဆင်ပေးခဲ့သည်။ အဖေက ကားအသွားအလာကို ကြည့်ပေးပြီး၊ ကျွန်တော်က ကားလမ်းအတိုင်း ပြိုင်ကားလေးကို မောင်းလိုက်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ အတိတ်ကိုပြန်လှည့်ကြည့်ရင်း ထိုကားဂိုဒေါင်၌ ပြိုင်ကားပြင်ခြင်းမက အမှုအရာများစွာဖြစ်ပျက်ခဲ့သည်ကို မြင်ယောင်မိသည်။ လူငယ်လေးတစ်ဦးသည် ဖခင်၏ပုံသွင်းပြုပြင်မှုကို ခံယူခဲ့ရပြီး ထိုဖြစ်စဉ်၌ ဘုရားသခင်ကို သူတစ်စွန်းတစ်စ သိမြင်ခဲ့ရသည်။
လူသားများသည် ဘုရားသခင်၏ သဘာဝသဏ္ဌာန်တော်အတိုင်း ပုံသွင်းဖန်ဆင်းခံကြရသည် (က ၁:၂၇-၂၈)။ လူသားမိဘများ၏ အုပ်ထိန်းစောင့်ရှောက်မှု မူလအရင်းအမြစ်မှာလည်း ဘုရားသခင်၌ အစပြုပါသည်။ အကြောင်းမှာ ဘုရားသခင်သည် “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏အချုပ်အခြာ ... ခမည်းတော်” ဖြစ်တော်မူသောကြောင့်တည်း (ဧ…
ရာသီဥတုများ
မကြာမီက “ဆောင်းခိုခြင်း” ဟူသည့် အထောက်အကူပြု စကားလုံးကို ကျွန်တော်တွေ့ရှိခဲ့သည်။ ဆောင်းရာသီသည် သဘာဝလောက၏အရှိန်ကို နှေးစေသည့်အချိန်ဖြစ်သောကြောင့် စာရေးဆရာမ Katherine May (ကက်သရင်းမေ)က ဘဝ၏ “အေးစက်စက်နိုင်၍ခက်ခဲသော” ရာသီများတွင် အနားယူရန်နှင့် ပြန်လည်အားဖြည့်ရန် လိုအပ်မှုကို ဖော်ပြရန် ဤစကားလုံးကို သုံးခဲ့သည်။ ကင်ဆာရောဂါကြောင့် အဖေ့ကို ဆုံးရှုံးခဲ့ရပြီးနောက် လများစွာ ကျွန်တော်အားအင်မဲ့စွာခံစားခဲ့ရ၍ ထိုနှိုင်းယှဥ်ချက်က အထောက်အကူဖြစ်ခဲ့သည်။ ဤသို့အရှိန်လျှော့ရခြင်းကို မကျေမချမ်းဖြစ်ပြီး၊ နွေရာသီဘဝ ပြန်ရောက်လာရန်ဆုတောင်းရင်း ကျွန်တော်၏ ဆောင်းရာသီကို တွန်းလှန်ခဲ့သည်။ သို့သော် ကျွန်တော်သင်ယူစရာများစွာ ရှိခဲ့သည်။
စိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်၊ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်၊ ညဥ်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန် စသည်ဖြင့် “မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ”ကြောင်း ဒေသနာကျမ်း၏ဖော်ပြချက်က (၃:၁-၄) ထင်ရှားလှသည်။ ထိုကျမ်းပိုဒ်ကို ကျွန်တော်နှစ်ပေါင်းများစွာ ဖတ်ခဲ့သော်လည်း ကျွန်တော့်ဘဝ၏ ဆောင်းခိုချိန်တွင်မှ ၎င်းကို နားလည်သဘောပေါက်ခဲ့သည်။ ထိုအရာများအပေါ်…
အမှန်တရားကို ရှာဖွေသူများ
အမျိုးသမီးတစ်ဦးသည် သူမ၏အသင်းတော်ကို တစ်စစီကွဲစေသည့် သဘောထားကွဲလွဲမှုတစ်ခုအကြောင်း ကျွန်တော့်အား ပြောပြခဲ့ဖူးသည်။ “ဘာသဘောထားကွဲလွဲမှုလဲ” ဟု သူ့ကိုမေးရာ “ကမ္ဘာကြီးက ပြားတယ်၊ မပြားဘူးဆိုတဲ့ အချက်နဲ့” ဟု ပြန်ဖြေသည်။ လအနည်းငယ်အကြာတွင် စားသောက်ဆိုင်နောက်ခန်းတွင် ညှဥ်းပန်း နှိပ်စက်ခံရသည်ဟု ယူဆရသော ကလေးငယ်များကို ကယ်တင်ရန် ထိုဆိုင်ထဲသို့ လက်နက်ကိုင် ခရစ်ယာန်အမျိုးသားတစ်ဦး ဗြုန်းခနဲ ဝင်ရောက်ခဲ့သည့်သတင်း ထွက်ပေါ်လာသည်။ ထိုဆိုင်တွင် နောက်ခန်းမရှိပေ။ သူလည်း အဖမ်းခံခဲ့ရသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ပါဝင်ပတ်သက်သူများသည် အင်တာနက်ပေါ်တွင် သူတို့ဖတ်ခဲ့ရသော မမှန်မကန်လုပ်ကြံသတင်းများကို ယုံပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သခင်ယေရှုကို ယုံကြည်သူများအား နိုင်ငံသားကောင်းများဟု ခေါ်ဆိုကြပြီး (ရော ၁၃:၁-၇)၊ နိုင်ငံသားကောင်းများသည် သတင်းမှားကို မဖြန့်ဝေကြပေ။ ရှင်လုကာခေတ်တွင် သခင်ယေရှုနှင့်ပတ်သက်သော အဖြစ်အပျက်များစွာပြန့်ခဲ့ပြီး (လု ၁:၂) အချို့မှာ မတိကျပါ။ သူကြားသမျှကို သတင်းဖြန့်မည့်အစား ရှင်လုကာသည် အခြေခံကျကျ စုံစမ်းသော…
သူငယ်ချင်း ငှားရမ်းမလို့လား
ကမ္ဘာပေါ်ရှိ လူများစွာအတွက် ဘဝကြီးက ပို၍ အထီးကျန်စရာကောင်းလာသည်။ ၁၉၉၀ ခုနှစ်မှစ၍ မိတ်ဆွေသူငယ်ချင်းမရှိသည့် အမေရိကန် လူဦးရေမှာ လေးဆအထိ တိုးလာခဲ့သည်။ ဥရောပနိုင်ငံအချို့တွင် အထီးကျန်နေသည်ဟု ခံစားနေရသူ (၂၀၀) ရာခိုင်နှုန်း အထိ တိုးလာပြီး၊ ဂျပန်နိုင်ငံတွင်လည်း သက်ကြီး ရွယ်အိုများသည် ထောင်ထဲတွင် အဖော်ရှာရန် ရာဇဝတ်မှုများကို ကျူးလွန်လာကြသည်။
စီးပွားရေးလုပ်ငန်းရှင်များက ထိုအထီးကျန်မှုကပ်ရောဂါအတွက် ‘rent-a-friend’ (သူငယ်ချင်းငှားရမ်းမှု) ဟူသည့် “အဖြေ”ကို ရှာတွေ့ခဲ့သည်။ ထိုလူများကို တစ်နာရီစာ ငှားရမ်း၍ရနိုင်ပြီး ကဖေးဆိုင်၌ တွေ့ဆုံစကားပြောခြင်း (သို့) ပါတီပွဲသို့အဖော်လိုက်ပေးခြင်းများ ပြုလုပ်ပေးသည်။ ထိုကဲ့သို့ “အငှားသူငယ်ချင်း” တစ်ယောက်အား သူမ၏ဖောက်သည် မည်သူဖြစ်သည်ကို မေးမြန်းရာ၊ “အထီးကျန်နေတဲ့ အသက် (၃၀) နှင့် (၄၀) ကြားအရွယ် အတတ်ပညာရှင်တွေပေါ့။ အချိန်အများကြီး အလုပ်တွေလုပ်နေကြလို့ မိတ်ဆွေသူငယ်ချင်းဖွဲ့ဖို့ အချိန်မရှိကြဘူးလေ” ဟု သူမ…
ရောင့်ရဲကျေနပ်မှုကို လိုက်ဖမ်းခြင်း
စိတ်ရောဂါကုဆရာဝန်တစ်ဉီး၏ အကြံပေးစာကဏ္ဍတွင် ရည်မှန်းချက်ကြီးကြီးနှင့်ကြိုးစားမှုများကြောင့် ရောင့်ရဲကျေနပ်မှု မရနိုင်ဖြစ်နေသည့် Brenda (ဘရန်ဒါ) ခေါ် အမျိုးသမီး၏စာကို ပြန်ကြားပေးခဲ့သည်။ သူ့စကားလုံးများက တဲ့တိုးဆန် သည်။ သူက လူသားများသည် ပျော်ရွှင်ရန် ဖြစ်တည်နေခြင်း မဟုတ်ဘဲ “အသက်ရှင်ရန်နှင့် မျိုးပွားရန်”သာ ဖြစ်တည်နေသည်။ “ကလူကျီစယ်လျက် ဖမ်းရခက် သော ရောင့်ရဲကျေနပ်မှုလိပ်ပြာငယ်”ကို လိုက်လံဖမ်းဆီးရန် ကျွန်ုပ်တို့ ကျိန်စာသင့်နေပြီး “မည်သည့်အခါမှ ယင်းကို ဖမ်းမိမည် မဟုတ်” ဟု ဆိုသည်။
ဘာကိုမှတန်ဖိုးရှိသည်ဟုမထင်သော ထိုဆရာဝန်၏ပြန်စာကို ဘရန်ဒါ ဖတ်ရသောအခါ သူမမည်သို့ခံစားရမည်နည်း။ သူမသာ ဆာလံကျမ်း ၁၃၁ ကို ဖတ်ခဲ့လျှင် တစ်မူထူးပြီး မည်သို့ခံစားခဲ့ရမည်နည်းဟု ကျွန်တော်တွေးမိသည်။ ထိုဆာလံ၌ ကျေနပ်ရောင့်ရဲမှုအား မည်သို့ရှာရမည်ကို ဒါဝိဒ်မင်းကြီးက တွေးတောဆင်ခြင်ပြခဲ့သည်။ ဒါဝိဒ်မင်းကြီးသည် သူ့၏ရာဇဣန္ဒြေကို ဘေးဖယ်ကာ နှိမ့်ချစွာဖြင့် စတင်ဆင်ခြင်သည်။ သူရင်ဆိုင်ရသည့် သူ့ဘဝ၏ကြီးမားသော အခက်အခဲများသည်…
နှိမ့်ချသောနေ့
လူတို့ဖန်တီးသော တရားဝင်ရုံးပိတ်ရက်မဟုတ်သည့် အားလပ်ရက်များကို ကျွန်ုပ်မကြာခဏ သဘောကျမိသည်။ ဖေဖော်ဝါရီတစ်လတည်းမှာပင် ကပ်စေးပေါင်မုန့်နေ့၊ ဓားရှည်မြိုချသူများနေ့၊ ခွေးဘီစကစ်မုန့်ကို အားပေးထောက်ခံသည့်နေ့ ဟူ၍ ပင် ရှိသည်။ ယနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကို ‘နှိမ့်ချသောနေ့’ ဟူ၍ သတ်မှတ်ကြသည်။ စကြဝဠာတစ်ခုလုံး၌ နှိမ့်ချမှုကို ကောင်းသောကိုယ်ကျင့်သိက္ခာအဖြစ် ဆင်နွှဲခြင်းသည် သေချာပေါက်လုပ်သင့်လုပ်ထိုက်ပါသည်။ သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ဤကိစ္စသည် အစဥ်အမြဲ ဤကဲ့သို့ ဖြစ်မနေပါ။
ရှေးခေတ်က နှိမ့်ချခြင်းကို ကောင်းသောကိုယ်ကျင့်သိက္ခာအဖြစ် မမြင်ဘဲ၊ အားနည်းချက်အဖြစ် ယူဆကြပြီး၊ ထိုအစား ‘ဂုဏ်အသရေ’ကို တန်ဖိုးထားကြသည်။ တစ်စုံတစ်ဦး၏အောင်မြင်မှုကို ထုတ်ဖော်ကြွားဝါရန် လူတို့မျှော်လင့်ကြပြီး မိမိ၏အဆင့်အတန်းကို မနိမ့်ကျစေဘဲ မြှင့်တင်ရန်သာ ရှာကြံကြသည်။ နှိမ့်ချခြင်း ဆိုသည်မှာ သခင်ရှေ့မှ ကျွန်ပမာ သိမ်ငယ်နိမ့်ကျခြင်းဖြစ်သည်။ သို့သော်လည်း သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်းအမှုက အရာခပ်သိမ်းကို ပြောင်းလဲစေ သည်ဟု သမိုင်းပညာရှင်များက ပြောကြသည်။…
နိုးထပြောင်းလဲမှု ရောက်လာပြီ
Aurukun (အာရုခွန်)သည် ဩစတေးလျအနောက်ပိုင်းရှိ မြို့ငယ်တစ်မြို့ဖြစ်ပြီး၊ မြို့ခံလူဦးရေသည် မူလမျိုးနွယ်စု (၇) စုမှ ဆင်းသက်လာသည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာက အာရုခွန်မြို့သို့ ဧဝံဂေလိတရားရောက်ရှိလာချိန်တွင် မျက်လုံးတစ်လုံးအတွက် မျက်လုံး ဟူသည့် တရားစီရင်ချက်က ရှိနေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လူမျိုးနွယ်အချင်းချင်း အဓိကရုန်းဖြစ်ပွားရာ၊ လူသတ်မှုတစ်ခုကျူးလွန်လျှင် တရားခံမိသားစုဝင် တစ်ဦးဦးက အသေခံပေးခြင်းဖြင့် ပေးဆပ်ရသည်။
သို့သော် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြောစမှတ်တွင်သွားသည့် အမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်။ အာရုခွန်မြို့သားတို့သည် ဆုတောင်းလျက် ဘုရားသခင်ကို စတင်ရှာဖွေခဲ့ကြပြီးနောက် နိုးထမှုဖြစ်ပေါ်လွှမ်းမိုးလျက် အစုလိုက်၊ အပြုံလိုက် ဗတ္တိဇံခံယူလာကြကာ မြို့တွင်း၌ပြန်လည်ဆန်းသစ်ခြင်း စတင်ခဲ့သည်။ လူအပေါင်းတို့မှာ အလွန်ဝမ်းမြောက်လျက် မြို့လမ်းမထက်၌ ကခုန်ကြသည်။ တရားလိုမိသားစုသည် တရားခံမျိုးနွယ်အား ပြန်လည်ပေးဆပ်စေခြင်းထက် ခွင့်လွှတ်ပေးခဲ့သည်။ မကြာမီ အပတ်စဥ် တနင်္ဂနွေနေ့၌ လူဦးရေ ၁၃၀၀ မျှသာရှိသည့် မြို့၌ လူ…
စွန့်စားရန်အတွက် ဖန်ဆင်းထားသည်
မကြာမီက ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့သောအရာက အံ့သြဖွယ်ဖြစ်သည်။ ကျွန်ုပ်အိမ်အနီးရှိ သစ်ပင်စုပေါက်နေသည့်နေရာသို့ ဖုန်ထနေသည့်လမ်းအတိုင်း လျှောက်သွားရင်း မျက်ကွယ်ရာ၌ရှိနေသည့် အိမ်လုပ်ကစားကွင်းကို မြင်ခဲ့သည်။ မျှော်စင်သို့တက်ရန် တုတ်ချောင်းများဖြင့် ပြုလုပ်ထားသောလှေကားတစ်ခု၊ သစ်ကိုင်းတွင် ချိတ်ဆွဲထားသော ကေဘယ်ကြိုးဟောင်းများနှင့် ပြုလုပ်ထားသည့်ဒန်းများ၊ သစ်ကိုင်းများကြားတွင် ကြိုးတံတားတစ်ခုပင် ရှိနေသည်။ တစ်စုံတစ်ယောက်က သစ်သားနှင့်ကြိုးဟောင်းများကို ဆန်းသစ်စွာ တီထွင်ပြောင်းလဲလိုက်ခြင်းတည်း။
ဆွဇ်ဇာလန်သမားတော် Paul Tournier (ပေါလ်ထော်နီရာ)က ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရခြင်းကြောင့် စွန့်စားရန် ဖန်ဆင်းခံရသည်ဟု ယုံကြည်သည် (က ၁:၂၆-၂၇)။ ဘုရားသခင်သည် စကြဝဠာတစ်ခုကို တီထွင်ရန် စွန့်စားသကဲ့သို့ (:၁-၂၅)၊ အကောင်းအဆိုးကို ရွေးချယ်နိုင်သော လူသားများကို ဖန်ဆင်းရန် စွန့်စားသကဲ့သို့ (၃:၅-၆)၊ ကျွန်ုပ်တို့အား “များပြားစွာမွေးဖွားမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” (၁:၂၈)ဟု ခေါ်သကဲ့သို့၊ ကမ္ဘာမြေကြီးကို အကျိုးရှိရှိအုပ်စိုးစဉ် တီထွင်ရန်၊ စွန့်စားပြီးအသစ်သောအရာများကို ဖန်တီးရန် ကျွန်ုပ်တို့၌လည်း တွန်းအားတစ်ခုရှိသည်။…
သင်မည်သူဖြစ်သည်...
ဆယ်နှစ်ကြာမျှ ကလေးမရဘဲ နေခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် နိုင်ငံသစ်တစ်ခုတွင် ဘဝပြန်လည်စတင်ရန် ရွေးချယ်ခဲ့သည်။ အပြောင်းအရွေ့ ကြောင့် စိတ်လှုပ်ရှားရသလို ကျွန်ုပ်၏ရုပ်သံလွှင့် အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်း ထားခဲ့ရသဖြင့် ဆုံးရှုံးသွားသလိုခံစားရ၍ သူငယ်ချင်းလီယမ်အား အကြံဉာဏ်တောင်းခဲ့သည်။ “ငါ့ကိုဘုရားသခင်က ဘာလုပ်စေချင်မှန်းတောင် မသိတော့ဘူး”ဟု လီယမ်ကို စိတ်ပျက်လက်ပျက်နှင့်ပြောရာ၊ “မင်းဒီမှာ အသံမလွှင့်ဘူးလား”ဟု သူမေးသဖြင့် “မလွှင့်ဘူး”ဟု ပြန်ဖြေလိုက်သည်။ “ဒါနဲ့မင်းရဲ့အိမ်ထောင် ရေးကော ဘယ်လိုလဲ”ဟု သူအကြောင်းအရာပြောင်းပြီးမေးသဖြင့် အံ့ဩသွားပြီး ကျွန်ုပ်တို့ အခြေအနေကောင်းကြောင်း ပြန်ပြောလိုက်သည်။ ကြေကွဲမှုကိုနှစ်ဦးအတူရင်ဆိုင်ခဲ့ရငြားလည်း အတွေ့အကြံုများကြား ကျွန်ုပ်တို့ ပိုမိုနီးကပ်လာသည်။
“ကတိသစ္စာတည်ခြင်းဟာ ဧဝံဂေလိတရားရဲ့ ဗဟိုချက်ဖြစ်တယ်။ မင်းတို့လို ကတိသစ္စာတည်တဲ့ အိမ်ထောင်မျိုးကို ကမ္ဘာကြီး မြင်စေချင်တယ်။ မင်းဘာလုပ်တယ်ဆိုတာကို ကျော်ပြီး မင်းရဲ့ဖြစ်တည်မှုအတိုင်း ရှိနေဖြစ်နေတာက ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲဆိုတာ မင်းသိချင်မှသိမယ်”ဟု သူကပြုံးလျက် ပြောသည်။
အလုပ်အခြေအနေခက်ခဲမှုကြောင့် တိမောသေ စိတ်ပျက်အားလျော့သောအခါ…
ကျွန်ုပ်နှင့်အတူ လျှောက်လှမ်းပါ
လွန်ခဲ့သောနှစ်အတန်ကြာက ဧဝံဂေလိဓမ္မသံစုံတေးအဖွဲ့တစ်ဖွဲ့၏ ‘Jesus walks with me’ (သခင်ယေရှု ကျွန်ုပ်နှင့်အတူလျှောက်လှမ်းသည်) ဟူသည့် ထပ်ဆိုရန် သီချင်းစာသားလေးက အအောင်မြင်ဆုံးသီချင်းအဖြစ် ပေါက်သွားသည်။ ထိုစာသား ၏နောက်ကွယ်တွင် အကျိုးသက်ရောက်မှုကြီးမားသည့် ဇာတ်လမ်းရှိနေခဲ့သည်။
ဂျက်ဇ်ဂီတပညာရှင် Curtis Lundy (ကားတစ်လန်ဒီ)သည် ကိုကင်းမူးယစ်ဆေးဖြတ်ရန် ကုသမှုခံယူချိန်၌ ထိုဓမ္မတေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သူကဲ့သို့ပင် ဆေးစွဲနေသူဘော်ဒါများကို ဆွဲခေါ်ပြီး ဓမ္မသီချင်းတစ်ပုဒ်အားဖြင့် တို့ထိနိုးဆော်မှုခံရသည့်အတိုင်း ထိုထပ်ဆိုရန်သီချင်းစာသားကို မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေး ဂေဟာ၌ ရှိသူများအတွက် မျှော်လင့်ခြင်းသီချင်းအဖြစ် သူရေးစပ်ခဲ့သည်။ ထိုသီချင်းနှင့်ပတ်သက်၍ အဖွဲ့ဝင်တစ်ဦးက “ကိုယ့်အသက်တာအတွက် ကိုယ်ဆိုနေတာပါ။ ကျွန်တော်တို့ကို ကယ်ဖို့၊ မူးယစ်ဆေးနွံထဲကရုန်းထွက်နိုင်အောင် မစဖို့ သခင်ယေရှုကို ကျွန်တော်တို့ တောင်းလျှောက်နေတာ” ဟု ပြောသည်။ အခြားသူတစ်ဦးကလည်း ထိုသီချင်းကို သူဆိုနေလျှင် နာကျင်မှုများ လျော့သွားသည်ဟုဆိုသည်။ ထိုဓမ္မတေးအဖွဲ့သည် စာရွက်ပေါ်မှ စာသားများကို ဆိုရုံဆိုနေခြင်းမဟုတ်ဘဲ ဘုရားကယ်နှုတ်ပါမည့်အကြောင်း…